မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁)ရက်မှ (၃၁)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း
၁.၈.၂၀၁၆(တနင်္လာနေ့) ရုံးတက်ရောက်သည်။
၂.၈.၂၀၁၆(အင်္ဂါနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၌ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် သည်။
၃.၈.၂၀၁၆(ဗုဒ္ဓဟူးနေ့) ရုံးတက်ရောက်သည်။
၄.၈.၂၀၁၆(ကြာသပတေးနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ် လွှတ်တော် ဥပဒေရေးရာကော်မတီအစည်းအဝေးနှင့် တိုင်ကြားစားနှင့် အသနားခံစာ၊တင်ပြစာ များနှင့် အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီအစည်းအဝေး ပြုလုပ်သည်။ (၁၀း၃၀)နာရီအချိန် တွင် ဦးကျော်ဇံဝင်း (NEI) နှင့်ဦးထက်မင်းလွင် တို့လာရောက်တွေ့ဆုံပြီး မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖယ်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Forum of Federations) ပြုလုပ်ရန်တင်ပြဆွေးနွေး ပါသည်။
၅.၈.၂၀၁၆(သောကြာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ် လွှတ်တော်ဥပဒေရေးရာကော်မတီအစည်းအဝေးနှင့် (၁၄း၀၀)နာရီအချိန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ပါသည်။
၆.၈.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၇.၈.၂၀၁၆(တနင်္ဂနွေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၈.၈.၂၀၁၆(တနင်္လာနေ့) ရုံးတက်ရောက်ပါသည်။
၉.၈.၂၀၁၆(အင်္ဂါနေ့) (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် မြန်မာ့စီးပွား လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ မွန်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးမှု၊ အိမ်ထောင်စု စစ်တမ်းဆိုင်ရာ လေ့လာချက်အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့)သို့ တက်ရောက်သည်။
၁၀.၈.၂၀၁၆(ဗုဒ္ဓဟူးနေ့) (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မြန်မာ့စီးပွား လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယနေ့) သို့တက်ရောက် သည်။
၁၁.၈.၂၀၁၆(ကြာသပတေးနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ပြည်နယ် စည်ပင်သာယာရေးဥပဒေဆွေးနွေးပွဲသို့တက်ရောက်သည်။ အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေ ရေးရာကော်မတီဝင်များ ပြည်နယ်/ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် များနှင့် ပြည်နယ်/ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ တက်ရောက်ဆွေးနွေးကြသည်။
၁၂.၈.၂၀၁၆(သောကြာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ ( မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေနှင့်ပတ်သက်သည့်ဆွေးနွေးပွဲ)
၁၃.၈.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။ (၀၉း၀၀)နာရီအချိန် မုဒုံမြို့နယ်၊ ကမာဝက် အောင်တော်မူ ကျောင်းဆရာတော်မှ ဦးစီးမတည်လှူဒါန်းသည့် လမ်း၊ တံတား၊ စာကြည့်တိုက်၊ ဆေးပေးခန်းအလှူတော်ရေစက်ချပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ တက်ရောက်ပါသည်။
၁၄.၈.၂၀၁၆(တနင်္ဂနွေနေ့) (၀၈း၃၀)နာရီအချိန် မော်လမြိုင်မြို့ သံလွင်တံတားထိပ်အဝိုင်းတွင် ရွှေဟင်္သာရုပ်ထု အသစ်ဖွဲ့ပွဲအခန်းအနားသို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ တက်ရောက်ပါသည်။
၁၅.၈.၂၀၁၆(တနင်္လာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဥပဒေရေးရာကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
၁၆.၈.၂၀၁၆(အင်္ဂါနေ့) ဖောင်ဒေးရှင်း(Enligntened Myanmar Research Foundation EMREF)မှဦးနေဇော်ဖြိုးနှင့် ဒေါ်ယဉ်မိုးတို့လာရောက်တွေ့ဆုံပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ဝေးလံခေါင်းပါး ဒေသနေပြည်သူများ အတွက် ထိရောက်ဖွံ့ဖြိုးရေး အစီအစဉ်ရေးဆွဲနိုင်ရေးကိစ္စကို တင်ပြ ဆွေးနွေးပါသည်။ ဆက်လက်ပြီးမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပါသည်။
၁၇.၈.၂၀၁၆(ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီအစည်းအဝေးသို့ လည်းကောင်း၊ (၁၃း၀၀)နာရီအချိန် ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေး ဆိုင်ရာကိစ္စရပ်များလေ့လာ သုံးသပ်ရေးကော်မတီ အစည်းအဝေးသို့ လည်းကောင်း ကျင်းပပြုလုပ်ပါသည်။ (၁၅း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် ရာမညအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်သော
မွန်ပြည်နယ် အခြေခံပညာအထက်တန်းကျောင်း ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲ နှင့်ဆုပေးပွဲအခန်းအနားသို့ တက်ရောက်အားပေး ကြည့်ရှု ပါသည်။
၁၈.၈.၂၀၁၆(ကြာသပတေးနေ့) (၁၀း၀၀)နာရီအချိန် UNDP မှ Mr.Niall Johnston (Consultant, UNDP), Sai Tun Tiha (Nat. UNDP), J.M Maung Song (Interpretor, UNDP), Ni Ni Lwin (AOC,UNDP) တို့လာရောက် တွေ့ဆုံပါသည်။ ၎င်းအဖွဲ့သည် မွန်ပြည်နယ် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနှင့်လည်းကောင်း၊ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ဦးထွန်းမင်းအောင်နှင့် ဒေါ်ခိုင်ခိုင်လဲ့တို့နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးပါသည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ဥပဒေရေးရာကော်မတီ အစည်းအဝေးပြုလုပ်ပါသည်။
၁၉.၈.၂၀၁၆(သောကြာနေ့) ရုံးတက်ပါသည်။ (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်ဥပဒေရေးရာ ကော်မတီ အစည်းအဝေးကိုလည်းကောင်း၊ တိုင်းကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကိုလည်းကောင်း၊ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစည်းအဝေးကို လည်းကောင်း ပြုလုပ်ပါသည်။
၂၀.၈.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၂၁.၈.၂၀၁၆(တနင်္ဂနွေနေ့) (၀၉း၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့ကမ်းနားလမ်းငွေမိုးဟိုတယ်တွင် Bayda Institute မှ (Mon State Public Forum) မွန်ပြည်နယ် ပြည်သူ့ဖိုရမ်ဆွေးနွေးပွဲ သို့တက်ရောက်ပါသည်။
၂၂.၈.၂၀၁၆(တနင်္လာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဥပဒေရေးရာကော်မတီ အစည်းအဝေးကိုကျင်းပပြုလုပ်ပါသည်။(၁၃း၀၀)နာရီအချိန် မွန်ပြည်နယ် လွှတ်တော်ဥပဒေရေးရာ ကော်မတီဝင်ဦးသန်းရွှေ ကွယ်လွန်သွား၍ ပိန္နဲကုန်းသုသာန်သို့ အသုဘပို့ဆောင်ပါသည်။
၂၃.၈.၂၀၁၆(အင်္ဂါနေ့) ရုံးတက်ရောက်သည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်စည်ပင်သာယာရေး ဥပဒေလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးသို့တက်ရောက်ပါသည်။
၂၄.၈.၂၀၁၆(ဗုဒ္ဓဟူးနေ့) ရုံးတက်ရောက်ပါသည်။
၂၅.၈.၂၀၁၆(ကြာသပတေးနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ဥပဒေရေးဆွဲ ခြင်းဆိုင်ရာအခြေခံသဘောတရား အလုပ်ရုံ ဆွေးနွေးပွဲ (ပထမနေ့) သို့တက်ရောက်ပါသည်။
၂၆.၈.၂၀၁၆(သောကြာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ဥပဒေရေးဆွဲ ခြင်းဆိုင်ရာအခြေခံသဘောတရား အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယနေ့) သို့တက်ရောက်ပါသည်။
၂၇.၈.၂၀၁၆(စနေနေ့) (၀၉း၀၀)နာရီအချိန် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ် သော မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် ဖယ်ဒရယ် စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Forum Of Federation)သို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ကိုယ်စားလှယ်များ တက်ရောက် ပါသည်။
၂၈.၈.၂၀၁၆(တနင်္ဂနွေနေ့) (၀၉း၀၀)နာရီအချိန် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ် သော မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအတွက် ဖယ်ဒရယ် စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Forum Of Federation)သို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဌ၊ ကိုယ်စားလှယ်များတက်ရောက် ပါသည်။
၂၉.၈.၂၀၁၆(တနင်္လာနေ့) (၁၀း၃၀)နာရီအချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးဟင်္သာခန်းမ၌ ကျင်းပ ပြုလုပ်သော ဇီဝမျိုးစုံ၊ မျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးအသင်းမှ ဦးဆောင်ကျင်းပပြုလုပ်သော ကေလာသဘေးမဲ့တောထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ပါသည်။
၃၀.၈.၂၀၁၆(အင်္ဂါနေ့) (၁၃း၃၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌ တို့သည် နေပြည်တော်တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံဖွင့်ပွဲအခမ်းအနားနှင့် ညစာစားပွဲ အခမ်းအနားသို့တက်ရောက်ရန် နေပြည်တော်သို့သွားရောက်သည်။
၃၁.၈.၂၀၁၆(ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီအချိန် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MICC-II)၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားနှင့် ညပိုင်းတွင်ကျင်းပပြုလုပ်သည့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။
၁.၉.၂၀၁၆(ကြာသပတေးနေ့) နေပြည်တော်မှမော်လမြိုင်သို့ ညနေပိုင်းတွင်ပြန်လည်ရောက်ရှိပါသည်။

