မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၉.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲကော်မတီခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန် ရှိသူ(၁)ဦးတို့တက်ရောက်ကြပါသည်။
အစည်းအဝေးတက်ရောက်ကြသူများမှ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုကိစ္စနှင့် တိုင်းရင်းသားများ မှတ်ပုံတင်ရရှိရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၉.၅.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



