မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၅-၁-၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် (၁၀)ဦး၊ သက်ဆိုင်ရာဦးစီးဌာနများမှ အရာရှိ (၁၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီသို့ ပြည်သူများမှ တင်ပြလာသည့် အမှုများနှင့်ပက်သက်၍ တွေ့ဆုံကြားနာစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြပါသည်။
အစည်းအဝေးကို (၅-၁-၂၀၂၁)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


