မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၁၃.၉.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လွှတ်တော် အစည်းအဝေးများတွင် ကတိဝင်ခဲ့သည့်မေးခွန်း၊ အဆိုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၁၃.၉.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၄း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


