7343

မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ (၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးခြင်း

(၂၂.၁၂.၂၀၂၀)ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ (၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် ကော်မတီဝင် (၉)ဦးများမှ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်                ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ၏ (၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။

အစည်းအဝေးကို (၂၂.၁၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၁း၄၅)နာရီအချိန် ရပ်နားပါသည်။

22.12.2020 (Budget)