မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၁.၈.၂၀၂၀)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်၊မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင်
ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ကတိများနှင်တာဝန်ခံချက်များစိစစ်ရေးကော်မတီအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပါသည် ။အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊
ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်
အစည်းအဝေးမှ(၁၆)ကြိမ်ပုံမှန်အစည်းအဝေးအထိ မေးမြန်းခဲ့သော မေးခွန်းများနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ညှိနှိုင်းဆွေးနွေးကြပါသည်။
အစည်းအဝေးကို(၂၁.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၂း၀၀)နာရီအချိန်တွင်ရပ်နားပါသည်။


