5556

မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၇.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင်
ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ကတိများနှင်တာဝန်ခံချက်များစိစစ်ရေးကော်မတီအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပါသည် ။အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်
အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊
ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်၊ (၁၄)ကြိမ်၊ အထူးအစည်းအဝေး(၁/၂၀၁၉)၊ (၁၅)ကြိမ်နှင့် (၁၆)ကြိမ်ပုံမှန်အစည်းအဝေးများတွင် မေးမြန်း
ခဲ့သော မေးခွန်းများနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ညှိနှိုင်းဆွေးနွေးကြပါသည်။

အစည်းအဝေးကို(၇.၈.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၂း၂၀)နာရီအချိန်တွင်ရပ်နားပါသည်။