မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၀.၇.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန၊် မွန်ပြည်နယ်လွှတ်တော်ရုံး ၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော် မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အ စိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၃)ကြိမ်၊ (၁၄)ကြိမ်၊ အထူးအစည်းအဝေး(၁/၂၀၁၉) ၊(၁၅)ကြိမ်နှင့်(၁၆)ကြိမ် မြောက်ပုံမှန်အစည်းအဝေးများတွင် မေးမြန်းခဲ့သော မေးခွန်းများနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ထား ရှိမှုအခြေအနေများအား ညှိနှိုင်းဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၁၀.၇.၂၀၂၀)ရက်နေ့၊ မွန်လွဲ (၁၅း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


