မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၁.၁၂.၂၀၂၀) ရက်နေ၊့ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်စုစုပေါင်း(၁၈)ဦး တက်ရောက်ကြပါသည်။ အစည်းအဝေး အား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး (၁၁း၃၅)အချိန် ရပ်နားခဲ့ပါသည်။
အစီအစဉ်(၁) ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၂) တိုင်ကြားစာအမှုတွဲကိစ္စရပ်များ ဆွေးနွေးခြင်း၊
အစီအစဉ်(၃) ရေးရာကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြခြင်း-
(က) ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ခ) အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဂ) တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဃ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(င) ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(စ) တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဆ) ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ
လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဇ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော ်မတီ အတွင်းရေးမှူးမှ ဆွေးနွေးတင်ပြခြင်း၊
အစီအစဉ်(၄) အထွေထွေဆွေးနွေးခြင်း၊
အစီအစဉ်(၅) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်း၊
အစီအစဉ်(၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ရပ်နားခြင်း။



