5552

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၆.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းတွင်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပါ
သည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်လာသူများမှ မော်လမြိုင်မြို့နယ်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအခြေ
အနေနှင့် သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံံ့ပြန်နိုင်စွမ်းအခြေအနေများကို ကွင်းဆင်းလေ့လာရန်ကိစ္စနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၆.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၁း၄၀) နာရီအချိန်တွင် ရပ်နားခဲ့ကြပါသည်။