မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၇.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင်များ၊ Starhigh Co.;Ltd မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ Starhigh Co.;Ltd မှ သံလွင်မြစ်ကြောင်းတစ်လျှောက်တွင် သဲတူးသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၇.၆.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


