2304

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၁.၈.၂၀၁၇) ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အစည်းအဝေးခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး သို့ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြပါသည်။

အစည်းအဝေးတွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေသဘာဝပတ်ဝန်းကျင်ညစ်ညမ်းနေမှုကိစ္စ ကွင်းဆင်းစိစစ်ခြင်း အစီရင်ခံစာအား အတည်ပြု ၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ရေးဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၁၁.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။