5212

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၇.၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်၊ ဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ဖြစ်သည့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်း၊ ကျိုက်ထိုမြို့နယ် အမှတ်(၂၇)အကြီးစားစက်မှုလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် ခရိုင်အုပ်ချုပ်ရေးမှူး (မော်လမြိုင်၊သထုံ)တို့မှ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအခြေအနေများအား လေ့လာသုံးသပ်ခြင်း အစီရင်ခံစာကို မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍  လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၇.၂.၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၂း၁၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။