မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၆.၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်၊ ဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များဖြစ်သည့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်လမ်း ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအခြေအနေများအား လေ့လာသုံးသပ်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၆.၂.၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၂း၂၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



