မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၈.၁၁.၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်၊ ဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအခြေအနေများအား လေ့လာသုံးသပ်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၈.၁၁.၂၀၁၉)ရက်နေ့၊ မွန်းလွဲ ( ၁၂ း ၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



