မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၆.၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးနှင့် ဘီးလင်းမြို့နယ် စခန်းမှူး တို့တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်များသို့ “သားသားမီးမီးတို့အတွက် Sex Education ပေးကြမယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်မည့်ကိစ္စနှင့် ကော်မတီသို့လိပ်မူတိုင်ကြားသည့် တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၆.၂.၂၀၂၀)ရက်နေ့၊ နံနက် (၁၁း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


