မွန်ပြည်နယ်လွှတ်တော် ဥပဒေရေးဆွဲရေးကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း
(၉-၈-၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် ဥပဒေရေးဆွဲရေးကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊ NGO/ INGOs များ တက်ရောက် ကြပါသည်။
ဆွေးနွေးပွဲတွင် မုတ္တမပင်လယ်ကွေ့စီမံချက်မှ ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်း၏ရည်ရွယ်ချက်၊ မျှော်မှန်းချက်များအား ရှင်းလင်းတင်ပြခြင်း၊ မွန်ပြည်နယ်ကမ်းရိုးတမ်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအားဆွေးနွေးခြင်း၊ မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များကိုဆွေးနွေးခြင်း၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များအား ညှိနှိုင်း တိုင်ပင်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။



