မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃.၇.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေး ကျင်းပပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့ဝင်များ ၊ ချောင်ဆုံမြို့နယ် မြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပြည်နယ်ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီများတက်ရောက် ကြပါ သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များစနစ်တကျ ပြေးဆွဲရေးဥပဒေအား ပြင်ဆင်ရန် ဆွေးနွေးကြပါသည်။



