မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၈.၆.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့ဝင်များ ၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူ များတက်ရောက် ကြပါ သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များစနစ်တကျ ပြေးဆွဲရေးဥပဒေအား ပြင်ဆင်ရန် ဆွေးနွေးကြပါသည်။



