မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံခြင်း
(၂၃.၂.၂၀၁၈) ရက်၊ သောကြာနေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်မှပြီးခဲ့သည့် (၂)နှစ်တာကာလ၏လုပ်ငန်းများရှင်းလင်းခဲ့ပြီး ကျန်ရှိ သည့်ကာလအတွင်း ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်းပါဝင်ကူညီပေးရန် ဆွေးနွေး ခဲ့ကြပါသည်။
အခမ်းအနားကို (၂၃.၂.၂၀၁၈)ရက်၊ သောကြာနေ့၊ နေ့လည်(၁၁း၃၀)နာရီအချိန်တွင်ရပ်နားခဲ့ပါသည်။



