မွန်ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပြုလုပ်ခြင်း
(၈.၁၁.၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မုဒုံမြို့နယ်၊ မှိန်ဂနိမ်းကျေးရွာပိုင်အနေဖြင့် လူနေအိမ်၊ ဘုန်းကြီးကျောင်းနှင့် (၁)ဖာလုံခွဲခန့်သာ တည်ရှိနေခြင်း၊ ပတ်ဝန်းကျင်လေထု၊ ရေထုဆိုးရွားစွာညစ်ညမ်းနေခြင်း ဆူညံသံများစွာဖြစ်ပေါ်နေခြင်းကိစ္စ၊ ကေလာသတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ အကျဉ်းဦးစီးဌာန အမည်ပေါက် မြေပေါ်တွင် ကျောက်ထုတ်လုပ်ခြင်းကိစ္စနှင့် ကျိုက်ထီးရိုးကေဘယ်ကားကိစ္စနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စများ ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၈.၁၁.၂၀၁၈)ရက်နေ့ ၊ မွန်းလွဲ (၁၂း၂၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။




