3280

မွန်ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပြုလုပ်ခြင်း

(၄.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ရေးရာကော်မတီခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်  ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ  ရေးမြို့နယ်မြစ်သဲကျောက်လုပ်ငန်း၊ တောင်ပြို၍ မြေကြီး တူးရောင်းသည့်ကိစ္စနှင့် သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေသဘာဝပတ်ဝန်းကျင်ညစ်ညမ်းနေမှုများအပေါ် ဆောင်ရွက် ထားရှိမှုအစီရင်ခံစာနှင့်ပတ်သက်၍ အစိုးရအဖွဲ့မှဆောင်ရွက်ထားရှိမှုအား ပေးပို့လာသည့်စာအပေါ် ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၄.၅.၂၀၁၈)ရက်နေ့ ၊ မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။