မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၇.၇.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက် ခဲ့ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်နဝမပုံမှန် အစည်း အဝေးနှင့်ဒသမပုံမှန်အစည်းအဝေးတွင် ကတိဝင် သည့်မေးခွန်းတို့နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို နေ့လည် (၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



