မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ “ အထူးအစည်းအဝေး(၁/၂၀၁၆) တွင်တင်သွင်းခဲ့သော ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ အာဇာနည်ကျောက်တိုင်နှင့်ရာဇာမင်းပိုုင် ဓာတ်ဆီဆိုင်ကိစ္စ အဆို“ အားဆွေးနွေးခဲ့ပါသည်။



