4663

မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သော မြို့နယ်များရှိ ရေဘေးသင့်ပြည်သူ များအတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တို့မှ လှူဒါန်းငွေများပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခြင်း

(၁၆.၈.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သော မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တို့မှ လှူဒါန်းငွေများပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အခမ်းအနားအား အောက်ပါအစီအစဉ်တို့ဖြင့် ကျင်းပပြုလုပ်ပါသည် –

အစီအစဉ်(၁)  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊

အစီအစဉ်(၂)  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊

အစီအစဉ်(၃)  ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊

အစီအစဉ်(၄)  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌမှ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသို့ လှူဒါန်းငွေများပေးအပ်လှူဒါန်းခြင်း၊

အစီအစဉ်(၅)  ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌမှ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသို့ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ အစီအစဉ်(၆)    မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကားပြောကြားခြင်း။