2810

မွန်ပြည်နယ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးစားပေးကဏ္ဍဖော်ဆောင်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း

(၂၁-၁၂-၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးစားပေးကဏ္ဍဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေး ပွဲကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးများနှင့် ရေးရာကော်မတီဥက္ကဋ္ဌတို့မှ တက်ရောက် ကြပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစီးပွားရေးမူဝါဒအပေါ်ခြုံငုံသုံးသပ်ဆွေးနွေးခြင်း၊ မွန်ပြည်နယ်ပြုပြင် ပြောင်းလဲ ရေးဆိုင်ရာဦးစားပေး ကဏ္ဍများဖော်ဆောင်ခြင်းအပေါ် မူဝါဒ ချမှတ်ခြင်းဖြစ်စဉ်အား တင်ပြဆွေးနွေးခြင်း၊ မွန်ပြည်နယ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာဦးစားပေးကဏ္ဍများဖော်ဆောင်ခြင်းအပေါ်ဆွေးနွေးခြင်း၊ မွန်ပြည်နယ်ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာဦးစားပေးကဏ္ဍများဖော်ဆောင်ခြင်းအပေါ်ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲကို (၂၁-၁၂-၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၄း၃၀)အချိန်တွင် ရပ်နားခဲ့ပါသည်။