ရည်ရွယ်ချက်

မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွင်း ပြည်သူလူထုနှင့် လွှတ်တော်အကြား ပွင့်လင်းမြင်သာမှု တိုးမြှင့်နိုင်စေရန်နှင့် လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့် အရေးပါမှုကို ပြည်သူများအနေဖြင့် ကျယ်ပြန့်စွာ နားလည်သိရှိလာစေရန် ရည်ရွယ်ပါသည်။ ထို့အပြင်နိုင်ငံတကာအဖွဲ့အစည်းများမှလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းများကို သိရှိနားလည်လာစေရန် အထောက်အကူပြုရန် ဖြစ်ပါသည်။

လေ့လာသူများအနေဖြင့်လိုက်နာရမည့်စည်းကမ်းများ

  • လွှတ်တော်ဝင်/ထွက်ဂိတ်များတွင် လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာ ခံယူရမည်။
  • လွှတ်တော်အစည်းအဝေးသို့လာရောက်လေ့လာစဉ် ဆူညံစွာ အော်ဟစ်စကားပြောခြင်းများ မပြုရ။
  • လွှတ်တော်ရုံးမှ ကန့်သတ်ထားသောနေရာများသို့ သွားလာခွင့်မပြု။
  • အစည်းအဝေး ခန်းမအတွင်းသို့ အစားအသောက်များ ယူဆောင်လာခြင်းမပြုရ။
  • လွှတ်တော်အစည်းအဝေး စတင်ကျင်းပပြုလုပ်ရန် ဥက္ကဋ္ဌ ကြွရောက်လာစဉ်နှင့် ပြန်လည်ထွက်ခွါစဉ် ဧည့်သည်အားလုံး မတ်တပ်ထရပ်ပေးကြပါရန်နှင့် အခမ်းအနားမှူးမှ အားလုံး ထိုင်နိုင်ပါပြီဟုခွင့်ပြုမှသာ ထိုင်ပေးကြပါရန်။
  • လေ့လာရေးစင်မြင့်တွင် နေရာယူသည့်အခါ ထိုင်ခုံပေါ်တွင် ဒူးထောက်ထိုင်ခြင်း၊ ရှေ့ခုံပေါ် ခြေထောက်တင်ခြင်း၊ စားပွဲပေါ်မှောက်အိပ်ခြင်း မပြုလုပ်ရ။ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော ဝတ်စားဆင်ယင်မှုပုံစံကို ရှောင်ကြဉ်ရမည်။ (ဥပမာ – စကတ်တို ၊ ဘောင်းဘီတို ၊ လည်ဟိုက်အင်္ကျီ ၊လက်ပြတ်အင်္ကျီ စသည်တို့ မဝတ်ဆင်ရ။)

လေ့လာနိုင်မည့် အချိန်များ

ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့ မှ သောကြာနေ့ များတွင်နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ လာရောက်လေ့လာနိုင်ပါသည်။

မှတ်ချက် – လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်ကာလအတွင်း လာရောက်လေ့လာပါက အစည်းအဝေးကျင်းပပြုလုပ်ပုံအား ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အစည်းအဝေးရပ်နားစဉ်ကာလများတွင် လွှတ်တော်အဆောက်အဦနှင့် အခြားလေ့လာစရာများအား လေ့လာနိုင်မည်ဖြစ်ပါသည်။

လေ့လာရန် လျှောက်ထားခြင်း

လွှတ်တော်သို့ လာရောက်လေ့လာလိုသော ပြည်သူများ လွှတ်တော်ရုံး အကြီးအမှူးထံ လိပ်မူ၍ သုံးရက်ကြိုတင် အကြောင်းကြားစာပေးပို့ရပါမည်။ စာ၊ e-mail ဖြင့် ပေးပို့လျှောက်ထားနိုင်ပြီး လူအမည်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်/ပတ်စ်ပို့နံပါတ်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ယာဉ်အမှတ်နှင့် ယာဉ်မောင်းစာရင်းများ ပူးတွဲပေးပို့ရပါမည်။ လေ့လာသူများအနေဖြင့် လွှတ်တော်မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန် လိုအပ်ပါသည်။

Online မှလျှောက်ထားလိုသူများဆက်သွယ်ရန် e-mail လိပ်စာ

[email protected]
မွန်ပြည်နယ်လွှတ်တော်ရုံး လိပ်စာနှင့် တည်နေရာ အထက်လမ်းမကြီး၊ သံလွင်ဥယျာဉ်လမ်း၊ ဘိုကုန်းရပ်၊ ‌မော်လမြိုင်မြို့၊ မွန်ပြည်နယ်
Phone – 057 27492

လေ့လာနိုင်သည့်နေရာများ

လေ့လာနိုင်မည့်အချိန်များ

ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့ မှ သောကြာနေ့ များတွင် နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ လာရောက်လေ့လာနိုင်ပါသည်။

11-January-2021, Monday, 17:38:12

တည်နေရာ

မွန်ပြည်နယ်လွှတ်တော်၊ ဘိုကုန်းရပ်၊ သံလွင်ဥယာဉ်အနီး၊ အထက်လမ်းမကြီး၊ မော်လမြိုင်မြို့။