1340

သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း

 

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင် ပထမအကြိမ်သတင်းစာရှင်းလင်းပွဲကို ၃.၁၁.၂၀၁၆ ရက်နေ့ ၁၄း၀၀ နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ ရှင်းလင်းပွဲသို့ မြဝတီသတင်းထောက်၊မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA၊ မွန်သတင်းအေဂျင်စီ၊ MRTV(NRC)၊ SKY NET ၊ မြန်မာ့အလင်း၊ဒီမိုကရေစီနေ့စဉ်၊ ELEVEN ၊ 7 Day၊ DVB၊ NLD ပြန်ကြားရေး၊ မြစ်မခသတင်းဌာန တို့ တက်ရောက်ကြပါသည်။

 

 သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ်လွှတ်တော်၏ လွှတ်တော်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရေးရာကော်မတီများ၏ ဆောင်ရွက်ချက်များနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို မီဒီယာများမှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူလူထုများထံ မှန်ကန်စွာ ရောက်ရှိနိုင်ရေးအတွက် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လွှတ်တော်ဆောင်ရွက်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို တစ်လတစ်ကြိမ်(သို့မဟုတ်)နှစ်လတစ်ကြိမ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းခဲ့ကြ ပါသည်။

 

ထို့နောက် တက်ရောက်လာကြသူ(ဂျာနယ်လစ်)များမှ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြား ခြင်းများပြုလုပ်ခဲ့ပြီး ၁၆း၀၀ နာရီ ပြီးစီးပါသည်။

20161103_140934 20161103_151458 20161103_142409