အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အမျိုးသမီးနှင့်ကလေးငယ် များကို အသိပညာပေးခြင်း
(၂၀-၁-၂၀၁၈)နှင့် (၂၁-၁-၂၀၁၈)ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ မြို့မရပ်ကွက်၊ မြို့လယ်ဓမ္မာရုံနှင့် ဝဲခမိကျေးရွာ၊ ဝဲခမိဘုန်းကြီးကျောင်းတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးနှင့် အမျိုုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အမျိုးသမီးနှင့်ကလေး သူငယ်များကို အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။



