1439

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

၁၉.၁၂.၂၀၁၆ ရက်နေ့မှ ၂၂.၁၂.၂၀၁၆ ရက်နေ့အထိ မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ Land Core Group အဖွဲ့အစည်းမှ သုတေသန လုပ်ဆောင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ ဆွေးနွေးပွဲကို သိရှိနားလည်ပြီး မိမိတို့၏လုပ်ငန်း နယ်ပယ်များတွင် ပြန်လည်အသုံးချနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး မြေယာဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်သုတေသနဆိုင်ရာကိစ္စရပ်များ လက်တွေ့ဆောင်ရွက်နိုင်ရန် ကျိုက်မရောမြို့နယ်၊ ရေပူ-ကော့စပ်ကျေးရွာအုပ်စုနှင့် ဖားဘောင်ထုံးကျောက်လိုဏ်ဂူတို့အား ကွင်းဆင်းလေ့လာ ကြပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်၊ တိုင်ကြားစာနှင့်အသနားခံစာ၊တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာ သုံးသပ်ရေးကော်မတီဝင်၊ ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဝင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီဝင်များနှင့် လွှတ်တော်ရုံးမှအရာထမ်း၊အမှုထမ်း များ တက်ရောက်ကြပါသည်။

20161220_093709 20161219_103038 20161219_110417