အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
၁၅.၁၂.၂၀၁၆ ရက်နေ့နှင့် ၁၆.၁၂.၂၀၁၆ ရက်နေ့တို့တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ UNDP မှ Philipp Anna Witt, Yatu, Kerry Barker, Yin Min Htike (tbc), Andrez (TBC)၊ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ သင်တန်းပို့ချသူ ဦးမျိုးမင်း၊ICTအဖွဲ့ဝင်(၅)ဦး (KMD)တို့က မွန်ပြည်နယ်လွှတ်တော်အတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် နည်းပညာပိုင်းဆိုင်ရာ e-mail accoumt တည်ဆောက်ခြင်း၊ agora e-learning account တည်ဆောက်ခြင်းနှင့် Lap-Top တစ်လုံးစီဖြင့် လွှတ်တော်လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ဓလေ့ထုံးစံများကို အနီးကပ်သင်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်နှင့် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီတို့မှ ကော်မတီဝင်များ၊ လွှတ်တော်ရုံးအရာထမ်း၊အမှုထမ်းများ တက်ရောက်ကြပါသည်။




