၂၀၁၁ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော် ရက်စဉ်မှတ်တမ်း
၃၁. ၁.၂ဝ၁၁ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပခဲ့သည်။အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် ဦးအုန်းမြင့် ၊ မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) အား ရွေးချယ်တင်မြောက်ခဲ့သည်။ ဦးကျင်ဖေ၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ဦးဌေးလွင်၊ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)အား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ရွေးချယ်တင်မြောက်ခဲ့သည်။
၁၁.၂ . ၂ဝ၁၁ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ် လွှတ်တော်ပထမ ပုံမှန်အစည်းအဝေး ( ဒုတိယနေ့ ) ဆက်လက် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အောက်ဖော်ပြပါ ပြည်နယ်ဝန်ကြီးဌာန(၉)ခု သတ်မှတ်အတည်ပြုခြင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖွဲ့(၃)ဦးတို့အား သတ်မှတ်ခဲ့သည်-
(က) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊
(ခ) စီးပွားရေးဝန်ကြီးဌာန၊
(ဂ) စက်မှုဝန်ကြီးဌာန၊
(ဃ) ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၊
(င) စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊
(စ) သစ်တောဝန်ကြီးဌာန၊
(ဆ) သာသနာရေးနှင့် အလုပ်သမားဝန်ကြီးဌာန၊
(ဇ) စွမ်းအင်ဝန်ကြီးဌာန၊
(ဈ) လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန။
ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းမြင့်အား ရွေးချယ်ခြင်းဆောင်ရွက်ခဲ့သည်။
၁၄. ၂ . ၂ဝ၁၁ ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ( တတိယနေ့ ) ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးဒုတိယနေ့က သတ်မှတ်ခဲ့သော ဝန်ကြီးဌာနများတွင် ဝန်ကြီးအဖြစ် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား အမည်စာရင်းတင်သွင်းခြင်းကို လွှတ်တော်က မှတ်တမ်း တင်ခြင်း ဆောင်ရွက်ခဲ့သည်-
(က) ဗိုလ်မှူးကြီးဌေးမြင့်အောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊
(ခ) ဒေါက်တာခင်မောင်သွင်၊ စီးပွားရေးဝန်ကြီးဌာန၊
(ဂ) ဒေါက်တာတိုးတိုးအောင်၊ စက်မှုဝန်ကြီးဌာန၊
(ဃ) ဒေါက်တာလှဦး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန
(င) ဦးမျိုးညွန့်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊
(စ) ဦးဝင်းမော်ဦး၊ သစ်တောဝန်ကြီးဌာန၊
(ဆ) ဦးထွန်းလှိုင်၊ သာသနာရေးနှင့် အလုပ်သမားဝန်ကြီးဌာန၊
(ဇ) ဦးနိုင်လဝီအောင်၊ စွမ်းအင်ဝန်ကြီးဌာန၊
(ဈ) ဒေါက်တာမင်းနွယ်စိုး၊လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန။
ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးများရေးရာ ကိုယ်စားလှယ်(၃)ဦး၏ အမည်စာရင်းအား လွှတ်တော်မှ မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့သည်-
(က) ဦးသက်ဝင်း၊ ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ်၊
(ခ) ဦးဖေမြ(ခ) ခွန်ဖေမြ၊ ပအိုဝ့်တိုင်းရင်းသားရေးရာကိုယ်စားလှယ်၊
(ဂ) ဦအောင်ကျော်သိန်း၊ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်။
၁၈. ၂. ၂ဝ၁၁ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)အား ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်ဥပဒေချုပ်အဖြစ် ဦးဝင်းကြည်( ချောင်းဆုံမြို့)အားလည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်ခင်မျိုး ( ညွှန်ကြားရေးမှူး၊ ငြိမ်း၊ ပြည်နယ်စာရင်းရုံး၊ မော်လမြိုင်မြို့)အား တာဝန်ပေးခြင်းဆောင်ရွက်ခဲ့သည်။
၂၁. ၂ . ၂ဝ၁၁ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး( ပဉ္စမနေ့ ) အား ဆက်လက် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးခင်မောင်ကြီး( တွဲဖက်ညွှန်ကြားရေးမှူး၊ တရားရုံးချုပ်၊ နေပြည်တော်) အားလည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးများအဖြစ် ဦးသိန်းမြင့် (တွဲဖက်ညွှန်ကြားရေးမှူး၊ တရားရုံးချုပ်၊ မန္တလေး ) နှင့် ဦးညီညီစိုး၊ ခရိုင်တရားသူကြီး၊ (မန္တလေးခရိုင်တရားရုံး) အားလည်းကောင်း တာဝန်ပေးခြင်း ဆောင်ရွက်ခဲ့သည်။
၁. ၃ . ၂ဝ၁၁ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (ဆဌမနေ့) အား ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဥပဒေပြုရေး ဆိုင်ရာ ကော်မတီနှင့်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီတို့၏ ကော်မတီဝင် အမည်စာရင်းအား တင်သွင်းခဲ့သည်-
(က) ဥပဒေပြုရေးဆိုင်ရာကော်မတီ
(၁) ဦးစိန်မြင့်၊ ကျိုက်ထို(၂)၊
(၂) ဦးသိန်းဇော်၊ သထုံ(၂)၊
(၃) ဦးမောင်လန်း၊ ပေါင်(၁)၊
(၄) ဦးချမ်းမြင့်၊ ပေါင်(၂)၊
(၅) ဦးမင်းသိန်းဟန်၊ ရေး(၂)၊
(၆) ဦးကျော်မြင့်၊ သထုံမြို့၊
(၇) Dr. အောင်ကျော်ထွန်း၊ မြို့နယ်ဆရာဝန်(ငြိမ်း)၊ မော်လမြိုင်၊
(၈) ဦးသန်းရွှေ၊ ပြည်နယ်ဥပဒေအရာရှိ( ငြိမ်း)၊
(၉) ဦးမောင်မောင်သန်း၊ တရားရုံးချုပ်ရှေ့နေ၊မုဒုံမြို့။
(ခ) တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ
(၁) ဦးလှထွန်း ကျိုက်မရော (၁)၊
(၂) ဦးစံတင် ကျိုက်မရော (၂)၊
(၃) ဦးအောင်နိုင်ဦး ချောင်းဆုံ(၁)၊
(၄) ဦးနိုင်ဦး သံဖြူဇရပ်(၂)၊
(၅) ဗိုလ်မှူးလှမိုးသိန်း၊ တပ်မတော်သားကိုယ်စားလှယ်၊
(၆) ဦးဇော်မြင့်၊ ကုန်သည်၊ မုဒုံမြို့၊
(၇) ဦးမျိုးချစ်၊ မွေး/ကုဆရာဝန်(ငြိမ်း)၊ ရေးမြို့၊
(၈) ဦးဘချစ်၊ သမဦးစီးအရာရှိ၊ ငြိမ်း၊ မုဒုံမြို့၊
(၉) ဦးစိုးထင်၊ ညွှန်မှူး(ငြိမ်း)၊ နှစ်ရှည်ပင်လုပ်ငန်း။
၃. ၃. ၂ဝ၁၁ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့)အား ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အစည်းအဝေးပဉ္စမနေ့က အမည်စာရင်းတင်သွင်းခဲ့သည့် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းခဲ့သည်။
၃ဝ. ၃ .၂ဝ၁၁ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး (အဌမနေ့) အား ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီကိုအောက်ပါ အတိုင်း ဖွဲ့စည်းခဲ့သည်။
(က) ဦးစိန်မြင့်( ကျိုက်ထို- ၂) ဥက္ကဋ္ဌ
(ခ) ဦးမောင်လန်း( ပေါင်- ၁) အဖွဲ့ဝင်
(ဂ) ဦးလှထွန်း(ကျိုက်မရော- ၁) အဖွဲ့ဝင်
(ဃ) ဗိုလ်မှူးသက်မင်းထွန်း အဖွဲ့ဝင်
တပ်မတော်သားကိုယ်စားလှယ်
(င) ဦးချမ်းမြင့်( ပေါင်- ၂) အတွင်းရေးမှူး
၁၆. ၆.၂ဝ၁၁ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံး၌ လွှတ်တော်လုပ်ငန်းဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲပြုလုပ်သည်။
၂၀.၆ ၂၀၁၁ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်၏ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဦးစိန်မြင့် ( ဥပဒေပြုရေးကော်မတီဥက္ကဋ္ဌ)နှင့် လွှတ်တော်ရုံးအရာရှိများ တက်ရောက်ခဲ့သည်။
၇. ၇ . ၂ဝ၁၁ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ( ၁/၂ဝ၁၁ )ပထမနေ့ကို ကျင်းပပြုလုပ်ခဲ့သည်။ အောက်ဖော်ပြပါ ဝန်ကြီးဌာန( ၉)ခု ကို ပြင်ဆင်ဖွဲ့စည်းသွားရန် လွှတ်တော်က သဘောတူဆုံးဖြတ်ခဲ့သည်-
(က) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊
(ခ) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊
(ဂ) စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊
(ဃ) သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊
(င) စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊
(စ) လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊
(ဆ) လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊
(ဇ) စည်ပင်သာယာရေးဝန်ကြီးဌာန၊
(ဈ) လူမှုရေးဝန်ကြီးဌာန။
၈. ၇ .၂ဝ၁၁ရက်နေ့ – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ( ၁/၂ဝ၁၁ ) ဒုတိယနေ့ကို ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးပထမနေ့က အတည်ပြုခဲ့သည့် ဝန်ကြီးဌာနများတွင် ဝန်ကြီးများအား အောက်ပါအတိုင်း တာဝန်ပေးခြင်း ဆောင်ရွက်ခဲ့သည်-
(က) ဗိုလ်မှူးကြီးဌေးမြင့်အောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန
(ခ) ဒေါက်တာခင်မောင်သွင်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(ဂ) ဦးမျိုးညွန့်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန
(ဃ) ဦးဝင်းမော်ဦး၊ သစ်တောနှင့် သတ္ထုဝန်ကြီးဌာန
(င) ဒေါက်တာမင်းနွယ်စိုး၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန
(စ) ဦးထွန်းလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန
(ဆ) ဦးနိုင်လဝီအောင်(ခ)ဦးနိုင်မြင့်ဆွေ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန
(ဇ) ဒေါက်တာတိုးတိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီးဌာန
(ဈ) ဒေါက်တာလှဦး ၊ လူမှုရေးဝန်ကြီးဌာန။
၄. ၇. ၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၁၁. ၇ .၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၁၈.၇. ၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၂၂. ၇ .၂ဝ၁၁ရက်နေ့ – မွန်ပြည်နယ် လွှတ်တော်ရုံးတွင် မော်လမြိုင်ဆိပ်ကမ်း နယ်နိမိတ်များနှင့်ကမ်းနဖူးမြေအသုံးပြုခများ ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့သည်။
၂၅.၇. ၂ဝ၁၁ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် စည်ပင်သာယာရေးနှင့် ပတ်သက်သောဥပဒေများ ဆွေးနွေးသည်။
၁.၈. ၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၈. ၈. ၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၁၅. ၈. ၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၂၂.၈. ၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၂၉. ၈ .၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၅ .၉ .၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၁၂. ၉ .၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၂၆. ၉ .၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၃. ၁ဝ.၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၁၇. ၁ဝ.၂ဝ၁၁ရက်နေ့ – လွှတ်တော်ရေးရာပူးပေါင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
၁၈.၁ဝ. ၂ဝ၁၁ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေကြမ်းကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးကြပါသည်။
၂၄.၁ဝ.၂ဝ၁၁ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပြည်နယ်စီးပွားရေးစီမံကိန်းနှင့် ရသုံးမှန်းခြေငွေစာရင်းကိစ္စများကို ရေးရာကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနများနှင့် ဆွေးနွေးသည်။
၂. ၁၁. ၂ဝ၁၁ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့)ကို စတင်ကျင်းပခဲ့သည်။ အစည်းအဝေး (ပထမနေ့)တွင် မေးခွန်း(၈)ခုမေးမြန်းခြင်း ဆောင်ရွက်ခဲ့သည်။ ပြည်နယ်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ လျာထားချက်နှင့်ပြည်နယ်စီးပွားရေးစီမံကိန်းလျာထားချက်များကို သက်ဆိုင်ရာဝန်ကြီးများက တင်သွင်းခဲ့သည်။ တိုက်တွန်းကြောင်းအဆို (၄)ခုကို အောက်ပါတိုင်း တင်သွင်းခဲ့ကြသည်-
(က) ဦးအောင်နိုင်ဦး(ချောင်းဆုံ-၁)၏ ဒီရေတောများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အဆို၊
(ခ) ဦးလှထွန်း( ကျိုက်မရော – ၁)၏ မြေခွန်များ တိုးမြှင့်ကောက်ခံရေး တိုက်တွန်းကြောင်း အဆို၊
(ဂ) ဦးစိန်မြင့် (ကျိုက်ထို -၂)၏ မြေကြီးမြေပုံမှန်ကန်ရေး တိုက်တွန်းကြောင်းအဆို၊
(ဃ) ဦးစံတင် ( ကျိုက်မရော -၂ )၏ စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းရေးတိုက်တွန်းကြောင်း အဆို။
၃. ၁၁.၂ဝ၁၁ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး( ဒုတိယနေ့) အား ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေး ဒုတိယနေ့တွင် မေးခွန်းစုစုပေါင်း (၉)ခု မေးမြန်းခဲ့သည်။ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့် ပြည်နယ်စီးပွားရေးစီမံကိန်းလျာထားချက်များကို ဆွေးနွေးခဲ့ပြီး အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေးပထမနေ့က တင်သွင်းခဲ့သည့် အဆို(၄)ခုကိုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၄. ၁၁. ၂ဝ၁၁ရက်နေ့ – ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ( တတိယနေ့ ) အား ဆက်လက်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မေးခွန်းစုစုပေါင်း(၅)ခု မေးမြန်းခဲ့သည်။ အစည်းအဝေးတွင် သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်တို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မေးမြန်းခြင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က လုပ်ငန်း
ဆောင်ရွက်ချက်များ တင်ပြခြင်း ဆောင်ရွက်ခဲ့သည်။ ဒေါက်တာတိုးတိုးအောင် ( ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး )က ပြည်နယ်အစိုးရအဖွဲ့၏
လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို တင်သွင်းခဲ့ပြီး မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့သည်။ ဦးဌေးလွင် ( ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ )က လွှတ်တော်ရေးရာပူးပေါင်းကော်မတီ၏
လုပ်ငန်း ဆောင်ရွက်ချက်များ တင်ပြခြင်းနှင့် တင်ပြခြင်းကို မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က မိန့်ခွန်းပြောကြားခဲ့ပြီး ယင်းမိန့်ခွန်းက လွှတ်တော်က မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့သည်။
၇.၁၂.၂ဝ၁၁ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် လွှတ်တော်ရေးရာကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပသည်။
၃ဝ. ၁၂.၂ဝ၁၁ရက်နေ့ – မွန်ပြည်နယ်လွှတ်တော်ရုံးတွင် လျှပ်စစ်ဥပဒေများနှင့်ပတ်သက်ပြီး ရေးရာကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ဆွေးနွေးသည်။

