၂၀၁၈ခုနှစ်၊ မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်ကို ဆွေးနွေးသည့်အစည်းအဝေးကျင်းပခြင်း
(၂၈.၁၁.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ၂၀၁၈ခုနှစ်၊ မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထား ချက်များ အားဆွေးနွေးသည့် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဆ ည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် လမ်းဦးစီးဌာနတို့မှ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ ၂၀၁၈ခုနှစ်၊ မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက် များအား ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၁.၁၂.၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


