(၆.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာရှိမီးဘေးသင့်အိမ်ထောင်စုများအား ကူညီ ထောက်ပံ့ငွေ များသွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။ ယင်းသို့ လှူဒါန်းထောက်ပံံ့မှုအစီအစဉ်တွင် နှစ်ကရင်ကျေးရွာ၊ ဝိဇိတာ ရုံကျောင်းတိုက် ဆရာတော် ဦးပညာစာရမှ ပါဝင်အားဖြည့် ကူညီလှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုအစီအစဉ်
ပြီးသည့်နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ သည် နှစ်ကရင်ကျေး ရွာ ဝိဇိတာရုံကျောင်းတိုက်သို့ ရောက်ရှိပြီး
ကျောင်းပြင်ပပညာသင်ကြားရေးအတွက် အဆောက်အဦဆောက်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြ ပါသည်။ ထို့နောက် ဆရာတော်ဦးပညာစာရ၏ သြဝါဒခံယူပြီး မွန်းလွှဲ(၁၃း၀၀)နာရီခန့်တွင် ပြန်လည်ထွက်ခွါ ခဲ့ကြပါသည်။




