3187

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ဆောင်ရွက်ပြီးစီးမှုတင်ပြခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၂၈.၃.၂၀၁၈)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးရှိသည့်အနက် (၂၇)ဦး တက်ရောက်မှုအခြေအနေ ကိုမှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း (၆)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ အစည်းအဝေးပထမနေ့က တင်သွင်းခဲ့သော မွန်ပြည်နယ်၏ ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို ပြင်ဆင်ချက်အဆိုနှင့်အတူ ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ မွန်ပြည်နယ်၏ ၂၀၁၈ခုနှစ်၊ ဧပြီလမှစက်တင်ဘာလအထိ (၆)လအတွက် ဘဏ္ဍာငွေအရအသုံုးဆိုင်ရာဥပဒေကြမ်းကို ပြည်နယ် လွှတ်တော်ကအတည်ပြုကြောင်းကြေညာခြင်း၊ အစည်းအဝေး (ဒုတိယနေ့) ကတင်သွင်းခဲ့သော မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၏ ၂၀၁၇ခုနှစ်၊ နှစ်ချုပ်အစီအင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားသော သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့မှ ဆွေးနွေးခြင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးခင်မောင်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် အစီရင်ခံစာအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၅၊ ပုဒ်မခွဲ(စ)၊ ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(စ)တို့အရ အစီရင်ခံစာကိုကိုယ်စားလှယ်၏ ဆွေးနွေးအကြံပြုချက်နှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင်ဖိတ်ကြား၍ တက်ရောက်သူ(၇)ဦး၊ လေ့လာသူ (၄)ဦးတို့တက်ရောက်ခဲ့ပါသည်။