1592

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပခြင်း

 

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(တတိယနေ့)အစီအစဉ်

ရက်စွဲ၊ ၂၁.၃.၂၀၁၇ (အင်္ဂါနေ့)                                                                                                 အချိန်၊နံနက် (၁၀း၀၀) နာရီ

အစီအစဉ် (၁)   မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊

အစီအစဉ် (၂)   ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (တတိယနေ့) အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊

အစီအစဉ် (၃)   အစည်းအဝေးသို့ မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန် ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ် (၄)   ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း –

(က)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ ဘတ်ဂျက်ဖြတ်တောက်ပြုလုပ်ခြင်းမှရရှိသော တင်ဒါပိုလျှံငွေ နှင့် ဌာနအသီးသီးမှ မဆောင်ရွက်ဖြစ်သော လုပ်ငန်းပြန်အပ်ငွေများနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊

(ခ)     ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ မော်လမြိုင်ဈေးကြိုအဝိုင်းနှင့်ပတ်သက်၍ သိရှိလိုသည့် မေးခွန်း၊

(ဂ)     ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ သက်ဆိုင်ရာဝန်ကြီးများ မြို့နယ်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည့်အခါ နယ်မြေခံကိုယ်စားလှယ်များအား သက်ဆိုင်ရာဌာန တာဝန်ရှိသူ မှတစ်ဆင့် အသိပေးအကြောင်းကြားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊

(ဃ) ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ ကျိုက်မရော-မော်လမြိုင်သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း နှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊

အစီအစဉ် (၅)   ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်း တင်သွင်းခြင်း၊

အစီအစဉ် (၆)   ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်း တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊

အစီအစဉ် (၇)   မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ(ဧပြီလမှစက်တင်ဘာ လအထိ) အစီရင်ခံစာအား ပြန်လည်တင်ပြခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထား သော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

အစီအစဉ်(၈) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ(ဧပြီလမှစက်တင်ဘာ လအထိ) အစီရင်ခံစာအား ပြန်လည်တင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၉) မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၆ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာတင်ပြခြင်းနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေး ခြင်း၊

အစီအစဉ် (၁၀) မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၆ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာတင်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၁၁) မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ အမည် စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

အစီအစဉ်(၁၂) မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၁၃) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(တတိယနေ့)အစည်းအဝေး ရပ်နားကြောင်းနှင့် (စတုတ္ထနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန် ကြေညာခြင်း။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပခြင်း

        ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (တတိယနေ့) ကို (၂၁.၃.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၉)ဦးတက်ရောက်ပါသည်။

အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၉)ဦးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း (၄)ခုမေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းအား စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးဝဏ္ဏကျော်မှ တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ(ဧပြီလမှစက်တင်ဘာလအထိ)အစီရင်ခံ စာပြန်လည်တင်ပြခြင်းနှင့်စပ်လျဉ်း၍ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်တို့၏ ဆွေးနွေးအကြံပြုချက် များ၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရှင်းလင်းဆွေးနွေးချက်နှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာ ခြင်း၊ မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၆ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ ဆွေးနွေးအကြံပြုချက်များ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဦးခင်မောင်ကြီး၏ ရှင်းလင်းဆွေးနွေးချက်နှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ မုဒုံ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၊ ပေါင်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းမင်းအောင်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးတို့၏ ဆွေးနွေးအကြံပြုချက်များ၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦး၏ ရှင်းလင်းဆွေးနွေးချက်နှင့်အတူ ပြည်နယ်လွှတ်တော်မှ မှတ်တမ်း တင်ကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(တတိယနေ့)တွင် မေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းတင်သွင်းခြင်း(၁)ရပ်၊ မှတ်တမ်းတင်ခြင်း(၄)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ(၅)ဦး၊ လေ့လာသူ(၇)ဦး တက်ရောက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၁၂း၄၀)နာရီ အချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

DSC01736 DSC01752 DSC01762