ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပခြင်း
(၄.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ပထမနေ့)ကို အစီအစဉ် (၇)ခုဖြင့် ကျင်းပါသည်-
အစီအစဉ်(၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊
အစီအစဉ်(၂) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ပထမနေ့)အထမြောက်ကြောင်း နှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊
အစီအစဉ်(၃) အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား ခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းးခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှပြန်လည်ဖြေကြားခြင်း –
(က) ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ မွန်ပြည်နယ်ရှိမျိုးဆက်သစ်များအတွက်လိုအပ်နေသော အားကစား ကွင်းများကိုဖော်ထုတ်ပြီး ကျန်းမာရေးနှင့်အားကစားကဏ္ဍတိုးတက်ရေးအတွက် ကဏ္ဍ တစ်ရပ်အနေဖြင့်စီစဉ်ဆောင်ရွက်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ သိရှိလိုသောမေးခွန်း၊
(ခ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ်အတွင်းရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်း၊
(ဂ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ မွန်ပြည်နယ်အတွင်းရှိ ခရိုင်မြို့(၂) မြို့၏နှစ်တစ်နှစ်အတွင်း ရရှိသော ဘဏ္ဍာငွေအရအသုံးဆိုင်ရာငွေလုံးငွေရင်း၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးမှ ရရှိသော ဘတ်ဂျက်များနှင့်စပ်လျဉ်း၍ သိရှိလိုသောမေးခွန်း၊
(ဃ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မြစ်သဲကျောက်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လမ်းခင်းကျောက် လုပ်ငန်းများ၊ လိုင်စင်ထုတ်ပေးရေးကိစ္စနှင့် ပတ်သက်၍သိရှိလိုသောမေးခွန်း၊
(င) ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ မော်လမြိုင်သစ်ပုံဆိပ်မြေနေရာ၌ဆောက်လုပ်ထားသည့် ဘိလပ်မြေဖျော်စက်ရုံနှင့် ပတ်သက်၍သိရှိလိုသောမေးခွန်း၊
(စ) ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ရာထူးတိုးနှင့် နေရာပြောင်းရွှေ့ခန့်ထားမှုအား မည်သည့်ဌာနမှ စီမံခန့်ခွဲ၍ မည်သည့်မူဘောင်ဖြင့် ခန့်ထားသည်ကိုသိရှိလိုသောမေးခွန်း၊
(ဆ) ကျိုက်မရောမြိုု့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ မွန်ပြည်နယ်၏မြို့တော်ဖြစ်သော မော်လမြိုင်မြို့သည် ပြည်နယ်မြို့တော် အင်္ဂါရပ်နှင့်အညီဖြစ်စေရေး ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိသိရှိလိုသောမေးခွန်း၊
အစီအစဉ်(၅) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၏ “မွန်ပြည်နယ်အတွင်းရှိ အဝေးပြေးကားလမ်းမဘေး စာသင်ကျောင်းများရှေ့တွင်လူကူးမျဉ်းကြားနှင့် အချက်ပြမီးတပ်ဆင်ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်း ကြောင်းအဆို” တင်သွင်းခြင်း၊
(ဦးဇော်ဇော်ထူးတင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန်သင့်၊မသင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးမှ ဆွေးနွေးခြင်း၊)
(အဆိုအားလက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ခြင်းနှင့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊)
အစီအစဉ်(၆) ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်တင်သွင်းခြင်း၊
(လျာထားချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊)
အစီအစဉ်(၇) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ပထမနေ့) အစည်းအဝေး ရပ်နားကြောင်းနှင့်(ဒုတိယနေ့)ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။


