2011

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပခြင်း

  (၁၂.၆.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေး(တတိယနေ့)ကို အစီအစဉ် (၁၁)ခုဖြင့် ကျင်းပပါသည်-

အစီအစဉ် (၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊

အစီအစဉ် (၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(တတိယနေ့)အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊

အစီအစဉ်(၃)အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန် ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊

အစီအစဉ် (၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှပြန်လည်ဖြေကြားခြင်း၊

(က)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ သိရှိ လိုသောမေးခွန်း၊

(ခ)  ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နိုင်ငံခြားသားတည်ခိုနေထိုင်ခွင့်နှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်း၊

(ဂ)    ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ (11)KV လိုင်းသွယ်တန်းမှုနှင့် ထရန်စဖော်မာတပ်ဆင်မှု ကိစ္စနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊

(ဃ) ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ မွန်ပြည်နယ်ရှိပညာရေးကိစ္စ များနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်း၊

(င)  ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၏ မော်လမြိုင်မြို့ပေါ်ရှိ လှိုင် (မြေနီကုန်း) အဝေးပြေးကားဝင်း တိုးချဲ့ရေးကိစ္စနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊

 အစီအစဉ် (၅) မွန်ပြည်နယ်စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ပြည်နယ် လွှတ်တော်၏အတည်ပြုချက်ရရှိထားသော          ဦးမင်းကျော်လွင်မှ ပြည်နယ်လွှတ်တော်၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင်လက်မှတ်ရေးထိုးခြင်း၊

အစီအစဉ် (၆) ရေးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးချစ်တင်၏ ”တရား မဝင်မြစ်သဲကျောက်များ ထုတ်လုပ်နေ   ခြင်း အပေါ် အရေးယူတားမြစ်ပေးပါရန် ပြည်နယ် အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို ” တင်သွင်းခြင်း၊

(ဦးချစ်တင် တင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန်သင့်/မသင့်   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ

 ဆွေးနွေးခြင်း)

(အဆိုအား လက်ခံဆွေးနွေးရန် သင့်/မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ခြင်းနှင့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်

များ ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း)

အစီအစဉ် (၇) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ” မွန်ပြည်နယ်၏ခရိုင်မြို့ တစ်မြို့    ဖြစ်သော သထုံခရိုင်၊ သထုံမြို့ ဖြစ်သော (မော်လမြိုင်-ရန်ကုန်)မြို့အဝင်ကို ခရိုင်မြို့များ၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာရေးအတွက် ပြည်နယ်အစိုးရ၏ စီမံချက်ဖြစ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို ” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍

                    (က) အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်း၊

                    (ခ) မွန်ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြခြင်း၊

အစီအစဉ် (၈) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ”မွန်ပြည်နယ်၏ခရိုင်မြို့တစ်မြို့   ဖြစ်သော သထုံခရိုင်၊ သထုံမြို့ ဖြစ်သော (မော်လမြိုင်-ရန်ကုန်)မြို့အဝင်ကို ခရိုင်မြို့များ၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာရေးအတွက် ပြည်နယ်အစိုးရ၏ စီမံချက်ဖြစ်အကောင်အထည်ဖော်ဆောင်ရွက် ပေးရန် တိုက်တွန်းကြောင်းအဆို ” နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ် (၉) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ” မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  အမှန်တကယ်ရသင့်ရထိုက်သည့် အခွန်အကောက်များစည်းကြပ်နိုင်ရေးအတွက် တိုက်တွန်းကြောင်းအဆို ”  တင်သွင်းခြင်းနှင့်   စပ်လျဉ်း၍

(က) အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ  ဆွေးနွေးခြင်း၊

(ခ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြခြင်း၊

အစီအစဉ်(၁၀) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ” မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမှန်တကယ်ရသင့်ရထိုက်သည့် အခွန်အကောက်များစည်းကြပ်နိုင်ရေးအတွက် တိုက်တွန်းကြောင်းအဆို ”  တင်သွင်းခြင်းနှင့့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၁၁) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(တတိယနေ့) အစည်း အဝေးရပ်နားကြောင်းနှင့် (စတုတ္ထနေ့) ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။