ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြီးစီးခြင်း
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ုကို (၂၈-၆-၂၀၁၆) ရက်နေ့၊ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးအနက် (၂၅)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခု မေမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ “ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျောက်သင်္ဘောရေတံခွန်အနီးရောင်းချနေသော စားသောက်ဆိုင်များ၌ မူးယစ်စေတတ်သော အရက်/ဘီယာရောင်းချနေမှုများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရေး၊ ရေတံခွန်လာ ကျောင်းသားလူများများနှင့်တကွ လာရောက်လည်ပတ်သူများအား မူးယစ်စေတတ်သော အရက်/ဘီယာများ ယူဆောင်လာခြင်းကို စီမံချက်ဖြင့် တားမြစ်ရေးနှင့် (Alcoholic & Drug free Zone) အရက်သေစာ မူးယစ်ကင်းစင်ရေးဇုန်ဖြစ်ပေါ်လာရန် ဖော်ဆောင်ရေး တိုက်တွန်းကြောင်းအဆို”တင်သွင်းခြင်းအား သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်းကို လွှတ်တော်မှ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းကြေညာခြင်းနှင့်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူမှ ကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်းအား လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးသို့ လေ့လာသူအဖြစ် (၁၉)ဦး တက်ရောက်ခဲ့ကြပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၁း၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။


