1078

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၆) (ဒုတိယနေ့) ကျင်းပပြီးစီးခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၆) (ဒုတိယနေ့)ကို (၃-၆-၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးရှိသည့်အနက် (၃၁)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း (၈)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၆) (ပထမနေ့)တွင် တင်သွင်းခဲ့သော “ပြည်သူလူထု၏ အခက်အခဲကို ဆောင်ရွက်သည့် နေရာတွင် ပူးပေါင်းဆောင်ရွက်မှုရှိလာစေရန်နှင့်လွှတ်တော်၏ အခန်းကဏ္ဍအရေးပါပုံကို သိရှိလာစေရန်အတွက် လွှတ်တော်မှ ညွှန်ကြားဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို”အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂)ဦးမှ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးမှ ဆွေးနွေးခြင်းနှင့်အဆိုရှင်မှ ထပ်ဆင့်တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုအား ကန့်ကွက်မည့်သူ မရှိသဖြင့် အဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ “ပေါင်မြို့နယ်အတွင်းရှိ Long Life Aggregate Co.Ltd ၏ ကျောက်မိုင်းလုပ်ငန်းအား ပြန်လည်စိစစ်ပေးရန် တိုက်တွန်းကြောင်းအဆို”အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းမှ ဆွေးနွေးခြင်းနှင့် အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် အဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ “ကျိုက်မရော မြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ အာဇာနည်ကျောက်တိုင်နှင့်ရာဇာမင်းပိုင် ဓါတ်ဆီဆိုင်ကိစ္စနှင့်ပတ်သက်သည့် အဆို”အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာလျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်မှ ဆွေးနွေးခြင်းနှင့်အဆိုရှင်မှ ထပ်ဆင့်တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုအား ကန့်ကွက် မည့်သူ မရှိသဖြင့် အဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ “ရေးမြို့နယ်၏ အရေးတကြီးလိုအပ် နေသော လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် အမြန်ဆုံးကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို”အား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်မှ ဆွေးနွေးခြင်း၊ အဆိုရှင်မှ ထပ်ဆင့်တင်ပြဆွေးနွေးခြင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ဆွေးနွေးခြင်းနှင့်အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် အဆိုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ “တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စရပ်များ ထိရောက်အောင်မြင်ရေးအတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆို”အား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာလူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ ဆွေးနွေးခြင်းနှင့် အဆိုရှင်မှ ထပ်ဆင့်တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် အဆိုကို ပြည်နယ် လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

မွန်ပြည်နယ်၊ ပြည်နယ်အဆင့်စီမံကိန်းကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အရေးကြီးအဆိုကို သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူမှ တင်သွင်းခြင်းအား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးမှ ထောက်ခံဆွေးနွေးခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အားလုံးမှ ယင်းအဆိုကို လွှတ်တော်မှ ဆွေးနွေးခြင်းကို သဘောတူလက်ခံကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ပြည်နယ်လွှတ်တော်နည်းဥပဒေ ၁၂၈(ဂ)အရ နေ့စဉ်အစီအစဉ်၌ အဆို(၄)ထက်ပို၍ ကျော်လွန်သဖြင့် ထည့်သွင်းခြင်းမပြုရဟု ပါရှိပါ၍ ယနေ့အစည်းအဝေးသည် အဆို(၄)ခုထက် ကျော်လွန်နေသောကြောင့် အဆိုပါ အရေးကြီးအဆိုအား နောင်ကျင်းပမည့် အနီးစပ်ဆုံး လွှတ်တော်အစည်းအဝေးတွင် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁/၂၀၁၆) (ဒုတိယနေ့)တွင် မှတ်တမ်းတင်ခြင်း (၁)ရပ်နှင့်သဘောတူ အတည်ပြုခြင်း (၅)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး လေ့လာသူအဖြစ် (၃၈)ဦး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁/၂၀၁၆) (ဒုတိယနေ့)ကို (၁၄း၁၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

20160603_10130220160603_14040520160603_130829