ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကျင်းပခြင်း
(၈.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို အစီအစဉ် (၇)ခုဖြင့် ကျင်းပါသည်-
အစီအစဉ်(၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊
အစီအစဉ်(၂) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)အထမြောက် ကြောင်း နှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊
အစီအစဉ်(၃) အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား ခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင် ရာဝန်ကြီးများမှပြန်လည်ဖြေကြားခြင်း –
(က) ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် လိုအပ်နေသော ဘီးလင်းမြို့နယ် ရွှေလှေ(အ.ထ.က)စာစစ်ဌာနဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက်ပေး နေမှုအခြေအနေနှင့်စပ်လျဥ်း၍ သိရှိလိုသော မေးခွန်း၊
(ခ) ချောင်းဆုံုမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ ချောင်းဆုံမြို့နေ ပြည်သူများ၏ ချောင်းဆုံမြို့သို့လာရောက်သော ခရီးသွားပြည်သူများ ခရီးသွားလာမှု လုံခြုံချောမွေ့စေရန်အတွက် နတ်မှော်-ကညှော် (တံတားချဉ်းကပ်လမ်း) လမ်းသစ်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုသော မေးခွန်း၊
(ဂ) ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ နိုင်ငံသားများအကျိုးအတွက်စားကျက်မြေကို နည်းလမ်းတကျ ထုတ်နုတ် ခွင့်ပြုနိုင်ရေးနှင့်စပ်လျဉ်း၍ သိရှိလိုသော မေးခွန်း၊
(ဃ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မွန်ပြည်နယ်အတွင်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဝန်ထမ်းအချို့မှလယ်ယာမြေကို အကွက်ရိုက်၍ရောင်းချခြင်းကိစ္စနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(င) ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၏ ရေးမြို့နယ်၊ နှင်းစုံကျေးရွာအုပ်စုအတွင်း တည်ရှိနေသော ဝေးသီခေါင်ဖျားသည့်ကျေးရွာများတွင် လိုအပ်လျက်ရှိသော ကျေးရွာချင်းဆက်လမ်း၊ ကျောက်ချောလမ်း(၁)လမ်းနှင့် တံတားများလိုအပ်နေသည်ကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုသောမေးခွန်း၊
အစီအစဉ်(၅) မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိဂီၤမော်၏ “ရော်ဘာရုံများကို ခရီးသွားပြည်သူများကင်းလွတ်ရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူများနှင့် ကင်းဝေးရာသို့ပြောင်းရွှေ့ပေးပါရန် အလေးအနက်တိုက်တွန်းကြောင်း အဆို ” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ –
(က) အမည်စာရင်းတင်သွင်းထားသောလွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊
(ခ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြခြင်း၊
အစီအစဉ်(၆) မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိဂီၤမော်၏ “ရော်ဘာရုံများကို ခရီးသွားပြည်သူများကင်းလွတ်ရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူများနှင့် ကင်းဝေးရာသို့ပြောင်းရွှေ့ပေးပါရန် အလေးအနက်တိုက်တွန်းကြောင်း အဆို ”နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၇) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ပဉ္စမနေ့) အစည်းအဝေး ရပ်နားကြောင်းနှင့်(ဆဋ္ဌမနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။

