3171

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (ပထမနေ့)ဆောင်ရွက်ပြီးစီးမှုတင်ပြခြင်း

           အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၂၉)ဦး တက်ရောက်မှု အခြေ အနေကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံမှ မိန့်ခွန်းမြွက်ကြားခြင်း၊ မြွက်ကြားသော မိန့်ခွန်းအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၇)ခု မေးမြန်းခြင်းနှင့် ဖြေကြား ခြင်း၊ မွန်ပြည်နယ်၏ ၂၀၁၈၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းနှင့် မွန်ပြည်နယ် ၏ ၂၀၁၈ခုနှစ်၊ ဧပြီလမမှ စက်တင်ဘာလအထိ (၆)လအတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့အား စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီး ဦးဝဏ္ဏကျော်မှတင်သွင်းခြင်း၊ တင်သွင်း ခဲ့သော ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊ မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တင်သွင်းခြင်း၊ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့်အစီရင်ခံစာဖတ်ကြားတင်ပြခြင်းတို့ကို သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့မှတင်သွင်းခြင်း၊ တင်သွင်း ခဲ့သော မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။