2050

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကျင်းပခြင်း

(၂၁.၆.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပပါ သည်-

အစီအစဉ်(၁)    မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊

အစီအစဉ်(၂)    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)အထမြောက်ကြောင်း နှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊

အစီအစဉ်(၃)    အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူ

                     ခြင်း၊

အစီအစဉ်(၄)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏          “ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ အခြေခံပညာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အောင်ချက်ပထမရရှိအောင်မြင်မှုကို ပြည်နယ်လွှတ်တော်မှ ဝမ်းသာကြောင်းအဆို ”  တင်သွင်းခြင်း၊

အစီအစဉ်(၅)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏          “ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ အခြေခံပညာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အောင်ချက်ပထမရရှိအောင်မြင်မှုကို ပြည်နယ်လွှတ်တော်မှ ဝမ်းသာကြောင်းအဆို ”  တင်သွင်းခြင်း နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

အစီအစဉ်(၆)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏          “ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ အခြေခံပညာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အောင်ချက်ပထမရရှိအောင်မြင်မှုကို ပြည်နယ်လွှတ်တော်မှ ဝမ်းသာကြောင်းအဆို ”  တင်သွင်းခြင်း နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၇)    ပြည်နယ်အစိုးရအဖွဲ့မှ အိမ်ရာစီမံကိန်းတည်ဆောက်မည့် မြေနေရာပြောင်းလဲဆောင်ရွက်မည့်ကိစ္စ တင်ပြခြင်း၊

အစီအစဉ်(၈)    ပြည်နယ်အစိုးရအဖွဲ့မှ အိမ်ရာစီမံကိန်းတည်ဆောက်မည့် မြေနေရာပြောင်းလဲဆောင်ရွက်မည့်ကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊

အစီအစဉ်(၉)    မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်း၊

အစီအစဉ်(၁၀)  ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးဆောင်ရွက်ချက်အနှစ်ချုပ်တင်ပြ ခြင်းနှင့် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက် 

                     ကြောင်းကြေညာခြင်း။