ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပခြင်း
(၁၆.၆.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို အစီအစဉ်(၈)ခုဖြင့် ကျင်းပ ပါသည်-
အစီအစဉ်(၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊
အစီအစဉ်(၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(သတ္တမနေ့)အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊
အစီအစဉ်(၃) အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း-
(က) ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ ဘီးလင်းမြို့နယ်၊ တောင်စွန်းအကျဉ်းစခန်း
ကျောက်မိုင်း၏ ကျောက်ထုတ်လုပ်ငန်းမှရရှိသော ဝင်ငွေကိစ္စနှင့်စပ်လျဉ်း၍ သိရှိလိုသောမေးခွန်း၊
(ခ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့၏မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်အတွင်းရှိ
အစ္စလာမ်ဘာသာဝင်သုဿန်နှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(ဂ) သထုံမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်သူ၏ မွန်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော လာဘ်ပေး
လာဘ်ယူမှုနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(ဃ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၏ ဇင်းကျိုက်မြို့အတွက် လျှပ်စစ်တင်ဒါအောင်ကုမ္မဏီမှ
လှူဒါန်းသောအလှူငွေသိန်း(၂၀၀)နှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(င) ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၏ ကျိုက်မရောမြို့နှင့်၊ တရနာကျေးရွာနတ်စင်
ရပ်ကွက်ရှိ ချောင်းကူးတံတားနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(စ) ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ မော်လမြိုင်မြို့တွင်းတစ်ခုလုံးရှိ လူစည်ကားရာနေရာများ
တွင် မော်တော်ယာဉ်များ စည်းကမ်းတကျရပ်နားစေရေး မည်သို့ကြပ်မတ်ဆောင်ရွက်သွားမည်ဟု သိရှိလိုသောမေးခွန်း၊
အစီအစဉ်(၅) မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်
ကိုယ်စားလှယ်များမှဆွေးနွေးခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၆) မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာ သုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာ
နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၇) မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၈) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်အနှစ်ချုပ်တင်ပြခြင်းနှင့် အစည်းအဝေးအောင်မြင်စွာပြီးမြောက်
ကြောင်းကြေညာခြင်း။


