ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ဒုတိယနေ့)အစီအစဉ်
ရက်စွဲ၊ ၁၆.၃.၂၀၁၇ (ကြာသပတေးနေ့) အချိန်၊နံနက် (၁၀း၀၀) နာရီ
အစီအစဉ် (၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊
အစီအစဉ် (၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(ဒုတိယနေ့)အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်းညာခြင်း
အစီအစဉ် (၃) အစည်းအဝေးသို့ မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့်ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အစီအစဉ် (၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့်သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း-
(က) ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ ရေးမြို့နယ်တွင် လိုအပ်လျက်ရှိသည့် ဒေသခံဆရာ၊ ဆရာမများ လုံလောက်စွာ ဖြည့်စွက်ခန့်ထားပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိ သိလိုသည့်မေးခွန်း၊
(ခ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ ချောင်းဆုံမြို့နယ်၊ ဒရယ်ရွာ၊ (အ.လ.က) ကျောင်း ဆောက်လုပ်သည့် ကုမ္ပဏီနှင့်ပတ်သက်၍ သိလိုသည့်မေးခွန်း၊
(ဂ) ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ သီရိမြိုင် လမ်းမကြီးနှင့်သီရိမင်္ဂလာရပ်ကွက်ရှိ သီရိမင်္ဂလာလမ်းမကြီးတို့အား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်မေးခွန်း၊
(ဃ) မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ မုဒုံမြို့အဝင်ကုမ္ပဏီများမှ ဖွင့်လှစ်ထားသော ရော်ဘာစက်ရုံနှင့် ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊
(င) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ်အတွင်းရှိ တရားမဝင်နံပါတ်ပြားများ တပ်ဆင်ထား သည့်ယာဉ်များ သွားလာနေမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊
(စ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊
အစီအစဉ်(၅)မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ (ဧပြီလမှ စက်တင်ဘာလအထိ) အစီရင်ခံစာအား ပြန်လည်တင်ပြခြင်း၊
အစီအစဉ်(၆)မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ (ဧပြီလမှ စက်တင်ဘာလအထိ) အစီရင်ခံစာအား ပြန်လည်တင်ပြခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးူထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
အစီအစဉ် (၇) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “ မြန်မာနိုင်ငံတွင် လိုင်စင်ချထားပေးသော Mobile Operatorများ၏ ဆောင်ရွက်ချက်များကို ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ကြပ်မတ်ထိန်းကျောင်းပေးမည့် အဖွဲ့အစည်း များအား ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ထားရှိရေး တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ –
(က) အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊
(ခ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြခြင်း၊
အစီအစဉ်(၈)သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “ မြန်မာနိုင်ငံတွင် လိုင်စင်ချထားပေးသော Mobile Operatorများ၏ ဆောင်ရွက်ချက်များကို ပည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် ကြပ်မတ်ထိန်းကျောင်းပေးမည့် အဖွဲ့အစည်း များအား ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ထားရှိရေး တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၉)ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ဒုတိယနေ့)အစည်းအဝေးရပ်နားကြောင်းနှင့်(တတိယနေ့)ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန် ကြေညာခြင်း။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို (၁၆.၃.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၃၀)ဦးတက်ရောက်ပါသည်။
အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှု အခြေအနေကိုမှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း(၆)ခုမေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ(ဧပြီလမှစက်တင်ဘာလအထိ) အစီရင်ခံစာအား မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံမှ ပြန်လည်တင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “ မြန်မာနိုင်ငံတွင် လိုင်စင်ချထားပေးသော Mobile Operator များ၏ ဆောင်ရွက်ချက် များကို ပြည်သူများနစ်နာမှုမရှိစေရန် ကြပ်မတ်ထိန်းကျောင်းပေးမည့် အဖွဲ့အစည်းများအား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ထားရှိရေး တိုက်တွန်းကြောင်းအဆို ” တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးတို့မှ ထောက်ခံဆွေးနွေးခြင်းနှင့် အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် အတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာတင်ပြခြင်း(၁)ရပ်၊ အတည်ပြုခြင်း(၁)ရပ်၊ မှတ်တမ်းတင်ခြင်း(၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင်ဖိတ်ကြား၍ တက်ရောက်သူ(၅)ဦး၊ လေ့လာသူ(၉)ဦး တက်ရောက်ခဲ့ပါ သည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို (၁၁း၁၀)နာရီ အချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။



