1579

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပခြင်း

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ပထမနေ့)အစီအစဉ်

ရက်စွဲ၊ ၁၅.၃.၂၀၁၇ (ဗုဒ္ဓဟူးနေ့)                                                   အချိန်၊ နံနက် (၁၀း၀၀) နာရီ

 

အစီအစဉ် (၁)   မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊

အစီအစဉ် (၂)   ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပထမနေ့) အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊

အစီအစဉ် (၃)   အစည်းအဝေးသို့ မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန် ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ် (၄)   ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း –

(က)    သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အလတ်စား၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊

(ခ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မော်လမြိုင်မြို့နယ်အတွင်းရှိ မီးပွိုင့်များကို(၂၄)နာရီဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊

(ဂ)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ တစ်နှစ်ပတ်လုံးတင်ဒါခေါ်ယူခြင်းမှ ရရှိလာသည့် ပိုလျှံငွေများ အား မည်သို့အသုံးပြုထားသည့် ကိစ္စနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊

(ဃ) ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ ချောင်းဆုံမြို့နယ်အပိုင် ဟင်္သာကျွန်းကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့် မေးခွန်း၊

(င) ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ သံဖြူဇရပ်မြို့နယ်၊ ဆင်တောင်ကျေးရွာ၊ ကျေးရွာပိုင်ထင်းစိုက်ခင်း နှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊

 (စ)    မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်     ဒေါ်မြသိဂီမော်၏ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာတိုးချဲ့ရေးနှင့်ပတ်သက်၍ သိရှိ လိုသည့်မေးခွန်း၊

အစီအစဉ် (၅)   သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ ၏ “ မြန်မာနိုင်ငံတွင် လိုင်စင်ချထားပေးသော Mobile Operator များ၏ ဆောင်ရွက်ချက်များကို ပြည်သူများနစ်နာမှုမရှိစေရန် ကြပ်မတ်ထိန်းကျောင်းပေးမည့် အဖွဲ့အစည်းများအား ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ထားရှိရေး တိုက်တွန်းကြောင်းအဆို ” တင်သွင်းခြင်း၊(ဦးအောင်ကျော်သူ တင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်ကိုယ်တစ်ဦးမှဆွေးနွေးခြင်း၊)(အဆိုအားလက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ခြင်းနှင့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊)

အစီအစဉ် (၆)   မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးုနှစ်၊ ပထမ(၆)လ (ဧပြီလမှ     စက်တင်ဘာလ အထိ)အစီရင်ခံစာအား ပြန်လည်တင်ပြခြင်း၊

အစီအစဉ်(၇) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးုနှစ်၊ ပထမ(၆)လ (ဧပြီလမှ     စက်တင်ဘာလ အထိ)အစီရင်ခံစာအား ပြန်လည်တင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ညွန်ကြားရေးမှူးထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာခြင်း၊

အစီအစဉ် (၈)   မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၆ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာတင်ပြခြင်း၊

အစီအစဉ် (၉) မွန်ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၆ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာတင်ပြခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊

အစီအစဉ်(၁၀)  မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်း ခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတင်ပြခြင်း၊

အစီအစဉ် (၁၁) မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံးခန့်မှန်း ခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာခြင်း၊

အစီအစဉ်(၁၂)  ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(ပထမနေ့) အစည်းအဝေး ရပ်နားကြောင်းနှင့် (ဒုတိယနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။

 ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပခြင်း

       ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(ပထမနေ့)ကို(၁၅.၃.၂၀၁၇) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ပါသည်။အစည်း အဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၃၀)ဦးတက်ရောက်မှုအခြေ အနေကို မှတ်တမ်းတင်ခြင်း၊အစည်းအဝေးတွင်မေးခွန်း(၆)ခုမေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊သထုံမြို့နယ်၊မဲဆန္ဒ နယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏“မြန်မာနိုင်ငံတွင်လိုင်စင်ချထားပေး သော  Mobile Operator များ၏ ဆောင်ရွက်ချက်များကို ပြည်သူများနစ်နာမှုမရှိစေရန် ကြပ်မတ်ထိန်းကျောင်း ပေးမည့် အဖွဲ့အစည်းများအား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ထားရှိရေး တိုက်တွန်းကြောင်း အဆို ” တင်သွင်းခြင်းနှင့် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းမင်းအောင် နှင့် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့မှ လွှတ်တော် တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ တင်သွင်းခဲ့သောအဆိုအား ပြည်နယ်လွှတ်တော် မှ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း အသိပေးခြင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ် လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ် တရားလွှတ်တော်၏ ၂၀၁၆ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာ တင်ပြခြင်းနှင့် မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ တင်ပြခြင်းတို့အား ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးထံ တွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(ပထမနေ့)တွင်မေးခွန်း(၆)ခုမေးမြန်း ဖြေကြားခြင်း၊ အဆို(၁)ရပ်တင်သွင်းခြင်း၊ အစီရင်ခံစာ(၂)ရပ်တင်ပြခြင်း၊ မှတ်တမ်းတင်ခြင်း(၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ(၆)ဦး၊ လေ့လာသူ(၁၆)ဦး တက်ရောက်ခဲ့ ပါသည်။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၁၂း၁၅) နာရီအချိန် တွင် ကျင်းပပြီးစီးခဲ့ပါသည်။

 

DSC01626 DSC01649DSC01676IMG_20170315_103944