ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၇)(ဒုတိယနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၇)(ဒုတိယနေ့) အစီအစဉ်
ရက်စွဲ၊ ၃.၃.၂၀၁၇(သောကြာနေ့) အချိန်၊ နံနက် (၁၀း၀၀)နာရီ
အစီအစဉ် (၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း
အစီအစဉ် (၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၇)(ဒုတိယနေ့)အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေငြာခြင်း
အစီအစဉ် (၃) အစည်းအဝေးသို့ မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့်ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း
အစီအစဉ် (၄) ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဌာန အမည်ပြောင်းလဲခြင်းကိစ္စအား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်သွင်းလာခြင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တင်ပြခြင်း
အစီအစဉ် (၅) ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဌာနအမည်ပြောင်းလဲခြင်းကိစ္စအား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်သွင်းလာခြင်းကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရန်ရှိပါက ဆွေးနွေးခြင်း
အစီအစဉ် (၆) ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဌာနအမည်ပြောင်းလဲခြင်းကိစ္စအား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်သွင်းလာခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အစီအစဉ် (၇) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၇) အောင်မြင်စွာပြီးမြောက်ကြောင်းကြေငြာခြင်း။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၇)(ဒုတိယနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၇) (ဒုတိယနေ့)ကို (၃.၃.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ-ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၈)ဦး တက်ရောက်ပါသည်။
အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့်ကိုယ်စားလှယ်(၃၁)ဦးအနက် (၂၈) ဦးတက်ရောက်မှုအခြေ အနေကိုမှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဌာနအမည်ပြောင်းလဲခြင်းကိစ္စအား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်သွင်းလာခြင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တင်ပြပေးခြင်း၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်မှ ကန့်ကွက်ကြောင်းအကြံပြု တင်ပြခြင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီးဝင်နိုင်ဦးမှ အကြံပြုတင်ပြခြင်း၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးမှ မှတ်တမ်းတင်အတည်ပြုသင့်ကြောင်းဆွေးနွေးခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဌာန အမည်ပြောင်းလဲရန် တင်ပြလာခြင်းအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၇)(ဒုတိယနေ့)တွင် တင်ပြခြင်း(၁)ရပ်၊ မှတ်တမ်းတင်ခြင်း(၂)ရပ် တို့ကို ဆောင်ရွက်ခဲ့ပြီး ဖိတ်ကြား၍ တက်ရောက်လာသူ(၆)ဦး နှင့် လေ့လာသူအဖြစ် (၁၁) ဦး တက်ရောက်ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၇)(ဒုတိယနေ့)ကို (၁၀း၃၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။


