ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့) ကျင်းပခြင်း
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၂၉.၆.၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး အနက် (၂၆)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်နိုင်ဦး၏ “ယာယီရွှေ့ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စအား ရပ်ဆိုင်းပေးရန် တိုက်တွန်းကြောင်းအဆို”အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၄)ဦးမှ ထောက်ခံဆွေးနွေးခြင်း၊ သက်ဆိုင်ရာစီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်မှ ဆွေးနွေးခြင်း၊ အဆိုရှင်နှင့်ဝန်ကြီးများမှ ထပ်မံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုအား မှတ်တမ်းတင်ခြင်းကို ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်း၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ “မုဒုံမြို့နယ်အတွင်း စားကျက်မြေများကို အကွက်ရိုက်ရောင်းချနေခြင်းနှင့်အင်းများကို မြေဖို့၍ အကွက်ရိုက်ရောင်းချနေခြင်းတို့ကို တားမြစ်၍ ပြန်လည်ဖော်ထုတ်ပေးရန်အဆို”အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှထောက်ခံဆွေးနွေးခြင်း၊သက်ဆိုင်ရာစိုက်ပျိုးမွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးကိုယ်စား ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်မှ ဆွေးနွေးခြင်းနှင့်အဆိုရှင်မှ ထပ်ဆင့် တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူး အစည်းအဝေး (၁/၂၀၁၆) (ဒုတိယနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ တင်သွင်းခဲ့သော “မွန်ပြည်နယ်၊ ပြည်နယ်အဆင့်စီမံကိန်းကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အရေးကြီးအဆို”အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁)ဦးမှ ထောက်ခံဆွေးနွေးခြင်း၊သက်ဆိုင်ရာစည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးမှ ဆွေးနွေးခြင်း၊ အဆိုရှင်မှ ထပ်ဆင့်တင်ပြဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ ပြည်နယ်လွှတ်တော်ဥပဒေပြုရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့မှ ကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာ တင်ပြခြင်းအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်း၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနှင့်နတ်ကြီးချောင်ရွာအနီး HEIN MYANMAR INTERNATIONAL CO.LTD မှ ဝင်ရောက်လုပ်ကိုင်နေမှုနှင့်ပတ်သက်၍ အစည်းအဝေး (ပထမနေ့)မေးခွန်း၏ ဖြေကြားမှု အပေါ် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေအပိုဒ် ၁၁၅ အရ လျှောက်ထားလာခြင်းကိစ္စတင်ပြခြင်းအား ပြည်နယ် လွှတ်တော်မှ မှတ်တမ်းတင်ကြောင်းကြေညာခြင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်များ ထပ်မံဖြည့်စွက်ရေးကိစ္စတင်ပြခြင်းကို (၃၀-၆-၂၀၁၆)ရက်နေ့တွင် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးသို့ လေ့လာသူအဖြစ် (၂၁)ဦး တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၁၄း၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးပါသည်။



