1307

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပပြီးစီးခြင်း

  ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို (၁၀-၁၀-၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၂၉)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း (၃)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ၂၀၁၆ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ်၏ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့်ပြုပြင်ပြီး ခန့်မှန်းခြေ (လျာထားချက်)စာရင်းရှင်းလင်းခြင်းနှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးဇံမှ တင်ပြဆွေးနွေးခြင်းအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခြင်းနှင့်မွန်ပြည်နယ်၏ ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့်ပြုပြင်ပြီးခန့်မှန်းခြေ (လျာထားချက်)စာရင်း ရှင်းလင်းတင်ပြခြင်းအား ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ် အလတ်စားနှင့် အသေးစားပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေကြမ်းအား တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ ပြင်ဆင်ချက်များအား တင်ပြ ဆွေးနွေးခြင်းနှင့်ဥပဒေကြမ်းအား ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်း၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ “ချောင်းဆုံ-ကုလားတို့-ဖံဖ-မုရစ်ကလေး ကျွန်းပတ်လမ်းအား ဆောက်လုပ်ရေးလမ်းပိုင်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့တို့မှ ထောက်ခံဆွေးနွေးခြင်း၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းမင်းဦး၊ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးတို့မှ ဆွေးနွေးခြင်း၊ အဆိုရှင်မှ ထပ်မံဆွေးနွေးခြင်းနှင့်အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးသန်းရွှေ ကွယ်လွန်ခဲ့သဖြင့် အဆိုပါနေရာတွင် ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းအား အစားထိုးရေးကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်းကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)တွင် တင်ပြခြင်း (၁)ရပ်၊ အတည်ပြုခြင်း (၅)ရပ်၊ မှတ်တမ်းတင်ခြင်း (၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး လေ့လာသူအဖြစ် (၄၀)ဦး တက်ရောက်ခဲ့ ပါသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို (၁၁း၁၀)နာရီအချိန်တွင် ကျင်းပပြီးစီးပါသည်။

20161010_100049 20161010_105804 20161010_100429  20161010_101011