788

ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပပြုလုပ်ခြင်း

၁။       ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၁၁.၁၂.၂၀၁၅) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

၂။       အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၀)ဦးအနက် (၂၇)ဦး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၁၃)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ မွန်ပြည်နယ်လွှတ်တော် ဆောင်ရွက်ချက်(ကိုယ်စားလှယ်များ၏ အဆို၊ မေးခွန်းများနှင့်ပတ်သက်၍ အဆို၊ မေးခွန်းများ လေ့လာသုံးသပ်ရေး ကော်မတီ)မှ လေ့လာတင်ပြခြင်းအား မှတ်တမ်းတင်ခြင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်း တင်ပြခြင်းအား မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ မုဒုံမြို့နယ်၊ ကတုံးပေါ် ဆိပ်ကမ်းတည်ဆောက် အကောင်အထည်ဖော်မှု အခြေအနေတင်ပြခြင်း၊ မော်လမြိုင်မြို့ ၊ သစ်ပုံဆိပ်မြေနေရာ၌ အိမ်ရာစီမံကိန်း ဆောင်ရွက်ရေးအတွက် ရွေးချယ်ရေးအဖွဲ့၏ ဆောင်ရွက်ပြီးစီးမှုတင်ပြခြင်း၊ MOSB Limited မှ မွန်ပြည်နယ်၊ မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေနုကျွန်းပေါ်တွင် B.O.T စနစ်ဖြင့် Offshore Supply Base Service လုပ်ငန်းတည်ဆောက်အကောင်အထည်ဖော်မည့်အခြေအနေ တင်ပြခြင်း၊ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် Myanmar Tap Water Co.Ltd တို့မှ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အတ္ထရံမြစ်ရေကို သန့်စင်၍ ဖြန့်ဝေခြင်းလုပ်ငန်းကို BOT စနစ်ဖြင့် ဆောင်ရွက်မှုအစီရင်ခံစာပေးပို့ခြင်းကိစ္စတင်ပြခြင်း၊ မြေမဲ့ယာမဲ့များအား နေရာချထားပေးနိုင်ရန် စက်မှုဝန်ကြီးဌာနမှ စွန့်လွှတ်ပေးမည့်မြေများအား မြေလွှဲပြောင်းမှုဆိုင်ရာ တင်ပြ ဆောင်ရွက်ထားပြီး မြေအသုံးချခွင့်ကိစ္စတင်ပြခြင်း၊ မုဒုံမြို့နယ်အဝေးပြေဂိတ်ယာဉ်ရပ်နားစခန်းတည်ဆောက် အကောင်အထည်ဖော်ရေးအခြေအနေတင်ပြခြင်း၊ မွန်ပြည်နယ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း လျာထားချက်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ အကြံပြုချက်နှင့်အတူ အတည်ပြုခြင်း၊ ကျိုက်မရောမြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်၏ “ အခြေခံပညာသင်ကျောင်းများတွင် မွန်စာပေသင်ကြားရေးကို စီမံချက်ရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရန် တိုက်တွန်းကြောင်း” အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၏ ဆွေးနွေး အကြံပြုချက်၊ ဝန်ကြီးတင်ပြချက်ဖြစ်သော ကျန်သည့် ကရင်၊ ပအိုဝ်း တိုင်းရင်သားများအတွက်လည်း စီမံချက် ရေးဆွဲဆောင်ရွက်သင့်ကြောင်း တင်ပြချက်တို့အရ မှတ်တမ်းတင်ခြင်းနှင့်အဆိုကို အတည်ပြုခြင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို ကိုယ်စားလှယ်(၂)ဦး၏ ဆွေးနွေးအကြံပြုချက်နှင့်အတူ မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်(ဥပဒေရေးရာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ) ဆွေးနွေးတင်ပြခြင်းကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်ဆောင်ရွက် (မွန်ပြည်နယ်လွှတ်တော်မှ ဆောင်ရွက်ခဲ့သော ဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ ဆောင်ရွက်မှု) တင်ပြခြင်းကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်ဆောင်ရွက်ချက်(မွန်ပြည်နယ်လွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေများ ဖော်ဆောင်မှုကို ဥပဒေများဖော်ဆောင်မှုလေ့လာသုံးသပ်ရေးကော်မတီ) တင်ပြချက်ကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၏ ၂၀၁၁ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြချက်ကို လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၏ ဆွေးနွေးချက်နှင့်အတူ မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်ဥပဒေချုပ်၏ ၂၀၁၁ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်းကို ကိုယ်စားလှယ်(၁)ဦး၏ အကြံပြုချက်နှင့်အတူ မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၁ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ချက်များကို ကိုယ်စားလှယ်(၁)ဦး၏ အကြံပြုချက်နှင့်အတူ မှတ်တမ်းတင်ခြင်း တို့ကို ဆောင်ရွက်ပါသည်။ အစည်းအဝေး တတိယနေ့တွင် မှတ်တမ်းတင်ခြင်း (၁၁)ရပ်နှင့် အတည်ပြုခြင်း (၂)ရပ်၊ တင်ပြချက် (၆)ရပ်တို့ကို ဆောင်ရွက်ပါသည်။

၃။       အစည်းအဝေးတွင် လေ့လာသူအဖြစ် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာမှ (၁၄)ဦး၊ ကဒါကျေးရွာမှ (၁၀)ဦး၊ တရားလွှတ်တော်ရှေ့နေ(၃)ဦးနှင့် အထက်တန်းရှေ့နေ(၁)ဦး၊ စုစုပေါင်း (၂၈)ဦး တက်ရောက်ပါသည်။

၄။       ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို(၁၃း၃၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

IMG_4852IMG_4869